ဟိုပုံး ဒီဇင်ဘာ ၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၈ နာရီအချိန်က တောင်ကြီး-လွိုင်လင် ပြည်ထောင်စုလမ်းမကြီး ဟိုပုံးမြို့အဝင်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အသိပညာပေးဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်ဗိုလ်မှူး ဖြိုးနိုင်ဦး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့တို့ပူးပေါင်း၍ မော်တော်ဆိုင်ကယ်မောင်းနှင်ရာတွင် ဆိုင်ကယ်စီးဦးထုပ်မဆောင်းသည့် ပြည်သူများနှင့် မေးသိုင်းကြိုးတပ်ဆင်ခြင်းမရှိသည့် ပြည်သူများအား ဆိုင်ကယ်စီးဦးထုပ်များကို စနစ်တကျဆောင်းကြရန်၊ မော်တော်ဆိုင်ကယ်မောင်းနှင်ရာတွင် သိရှိလိုက် နာရမည့်အချက်များ၊ မော်တော်ဆိုင်ကယ်နှင့် မော်တော်ယာဉ် အသုံးပြုရာတွင် ပေါ့ဆစွာအသုံးပြုခြင်းကြောင့် စက္ကန့်ပိုင်းအတွင်း ဆုံးရှုံးသွားသော အသက်အန္တရာယ်များ၊ ညအချိန်တွင် ဆိုင်ကယ်များ မီးဖွင့်မောင်းနှင် သွားလာကြရန်၊ လမ်းအသုံးပြုခြင်းနှင့် ပတ်သက်၍ လိုက်နာသင့်သည့်အချက်များ၊ မော်တော်ကား ခါးပတ်ပတ်ဆင်သွားလာရေး တို့ကို အသိပညာပေးပြောကြားခဲ့ပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးလက်ကမ်းစာစောင်နှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်အတွက် နှာခေါင်းစည်း (Mask) များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)