မန္တလေး ဒီဇင်ဘာ ၃
မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)တို့ပူးပေါင်း၍ စာရေးဆရာချစ်နိုင်(စိတ်ပညာ)၏ ခေါင်းဆောင်မှုအတွေး၏အရေးပါမှုစာအုပ်အား စာဖတ်ဝိုင်းပြုလုပ်ဆွေးနွေးခြင်းကို ယမန်နေ့မွန်းလွဲ(၁)နာရီတွင် လူထုအခြေပြုဗဟိုဌာန သင်တန်းခန်းမ၌ ကျင်းပသည်။
အဆိုပါစာဖတ်ဝိုင်းတွင် မန္တလေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဒေါ်မြင့်မြင့်သန်းက အဖွင့်စကားပြောကြားပြီး ပြည်ကြီးတံခွန်မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဆရာချမ်းမြေ့အေးက လူငယ်နှင့်ပညာရေး၊ပူးပေါင်းဆောင်ရွက်ခြင်းအကြောင်းနှင့် လူမှုဆက်ဆံရေးအရည်အသွေးခေါင်းစဉ်များကိုလည်းကောင်း၊ စာရေးဆရာနွေဝေက စာရေးလိုသော်၊ သုတရသမျှဝေနည်းနှင့်အတွေး၏အရေးပါမှုခေါင်းစဉ်များဖြင့် ဦးဆောင်ဆွေးနွေးရာ တက်ရောက်လာသည့် စာပေဝါသနာရှင်များက အပြန်အလှန်ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်ဆက်