ပြည်သူများကျန်းမာကြံ့ခိုင်စေရေးနှင့် စိတ်လက်ပေါ့ပါးလန်းဆန်းစေရေးအတွက် ဒီဇင်ဘာပထမပတ် လမ်းလျှောက်ပွဲနှင့် စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေ းလေ့ကျင့်ခန်းများပြုလုပ်

ကျောက်ပန်းတောင်း ဒီဇင်ဘာ၃

မန္တလေးတိုင်ဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်တောင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှု၊ မြို့နယ်အားကစားနှင့်ကာယပညာကော်မတီနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ ဒီဇင်ဘာပထမပတ် စုပေါင်းလမ်းလျှောက်ပွဲနှင့် ကိုယ်ကာယကြံ့ခိုင်ရေး လေ့ကျင့်ခြင်းများကို၊ ဒီဇင်ဘာ(၃)ရက်နေ့ နံနက်(၅:၃၀)နာရီက မြို့နယ်ပြည်သူ့အားကစားကွင်းတွင်ပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ စုပေါင်းလမ်းလျှေက်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့် မြို့နယ်စီမံအဖွဲ့ဝင်များ၊ ကော်မတီဝင်များဦးဆောင်၍ ဌာနဆိုင်ရာများ၊ မြို့နယ်ပညာရေးမှူးနှင့် အခြေခံပညာအထက်တန်း/ အလယ်တန်း ကျောင်းအုပ်ဆရာကြီး/ ဆရာမကြီးများ၊ ကျောင်းသားကျောင်းသူများ စုစုပေါင်း အင်အား(၃၂၅)ဦးဖြင့် မြို့နယ်အားကစားကွင်းအား ၃ ပတ်ပတ်၍ စုပေါင်းလမ်းလျှောက်ကြသည်။ ယင်းနောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန နည်းစနစ်မှူး ဒေါ်ဝင်းမင်းသန်းမှ ဦးဆောင်၍ ကိုယ်လက်လေ့ကျင့်ခန်း အတွဲ(၁)၊ အတွဲ(၂)တို့ကို စုပေါင်းဆောင်းရွက်ခြင်း အကြောလျှော့ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)