၂၀၂၂ ခုနှစ် ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲကျင်းပ

ဝမ်းတွင်း ဒီဇင်ဘာ     ၃

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာအားကစားလ လူထုစုပေါင်း လမ်းလျှောက်ပွဲကို ယနေ့နံနက် ၅ နာရီ ၃၀ မိနစ်အချိန်က စုပေါင်းလမ်းလျှောက်ခဲ့ကြောင်း သိရသည်။

စုပေါင်းလမ်းလျှောက်ပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် စုရပ်အဖြစ်ဆောင်ရွက်ခဲ့ပြီး  မြို့နယ်အားကစားကွင်းသို့ စုပေါင်းလမ်းလျှောက်ခဲ့ကြသည်။

အဆိုပါလမ်းလျှောက်ပွဲကို မြိုန့ယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးရဲမြင့်သိန်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် ရပ်ကွက်များရှိ ပြည်သူများစုစုပေါင်းအင်အား ၂၇၀ ဦးခန့် စုပေါင်းလမ်းလျှောက်ခဲ့ပြီး အားကစားကွင်းအတွင်း ကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်း  အတွဲ(၁)နှင့် အတွဲ(၂) လေ့ကျင့်ခန်းများကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်