ဟိုပန် စက်တင်ဘာ ၂၁
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ဖြိုးဖြိုးသက်နှင့် ဝန်ထမ်းများသည် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှ မွေးဖွားလာသော ကလေးငယ်များအား ငွေကြေး ထောက်ပံ့ပေးရေး အစီအစဉ်တွင် ဖုန်းနံပါတ်မပေးထားသော အကျိုးခံစားခွင့်ရှိသူများအား KBZ bank နှင့်ပူးပေါင်း၍ ယမန်နေ့နံနက် ၁၁ နာရီအချိန်က လူမှုဝန်ထမ်းဦးစီးဌာနရုံးတွင် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထောက်ပံ့ကြေးပေးအပ်ရာတွင် အကျိုးခံစားခွင့်ရှိသူ ကလေးငယ်တစ်ဦးအတွက် တစ်လလျှင်(၁၅၀၀၀/)ကျပ်နှုန်းဖြင့် ပထမ သုံးလပတ် (ဧပြီ၊ မေ၊ ဇွန်)ဒုတိယသုံးလပတ် (ဇူလိူင်၊ ဩဂုတ်၊ စက်တင်ဘာ)တို့အတွက် စုစုပေါင်း(၆)လစာရရှိမည်ဖြစ်ပြီး အကျိုးခံစားခွင့်ရှိသူ ကိုယ်ဝန်ဆောင်များအနေဖြင့် စာရင်းသွင်းစဉ် ကိုယ်ဝန်ဆောင်ကာလအတိုင်းသာ ထောက်ပံ့ကြေး ရရှိမည်ဖြစ်သည်။
ဟိုပန်မြို့နယ်နှင့်ပန်လုံမြို့မှ အကျိုးခံစားခွင့်ရှိသူ (၁၂၆) ဦးတို့အား သတ်မှတ်နှုန်းထားအတိုင်း တာဝန်ရှိသူများမှ တစ်ဦးချင်း ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်