တနိုင်း ဒီဇင်ဘာ ၂
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်တွင် မွေးကင်းစမှ အသက်(၁)နှစ်ခွဲအောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ဒီဇင်ဘာလ ၂ ရက် နံနက် (၉) နာရီက မိခင်နှင့်ကလေးစောင့်ရှောက်ရေးရုံး၌ ထိုးနှံတိုက်ကျွေး လျက်ရှိကြောင်းသိရသည်။
တနိုင်းမြို့နယ်အတွင်းရှိ မွေးကင်းစမှအသက် (၁) နှစ်ခွဲအောက် ကလေးများနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေး ဆေးထိုး၊ဆေးတိုက်ကျွေးခြင်းများ ဆောင်ရွက်ရာတွင် အဆုတ်ရောဂါ ကာကွယ်ဆေး၊ ငါးမျိုးစပ်ရောဂါကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင်ရောဂါကာကွယ်ဆေး၊ ပြင်းထန် ဝမ်းလျောဝမ်းပျက်ရောဂါကာကွယ်ဆေး၊ ဝက်သက်ဂျိုက်သိုးကာကွယ်ဆေးများ ထိုးနှံပေးခြင်းနှင့် ပိုလီယို ရောဂါကာကွယ်ဆေးတိုက်ကျွေးခြင်းများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ကာ ကွယ်ဆေး ထိုးနှံပေးခြင်းများကို မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ဝန်ထမ်းများက ဆောင်ရွက် ပေးလျက် ရှိသည်။
ပန်းအိ(ပြန်/ဆက်)