တံတားဦးမြို့နယ် အ.ထ.က၊ မြင်းသည်ကျေးရွာ ကျောင်းစာကြည့်တိုက်ဆောက်လုပ်မှုအား ကွင်းဆင်းစစ်ဆေး

တံတားဦး  ဒီဇင်ဘာ ၂

တံတားဦးခရိုင် တံတားဦးမြို့နယ် မြင်းသည်ကျေးရွာအုပ်စု မြင်းသည်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ၄၀’×၃၀’×၁၂’ ရှိ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကျောင်းစာကြည့်တိုက်ဆောင်လုပ်နေမှုအား ယနေ့နံနက်ပိုင်းက တံတားဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ ကွင်းဆင်းစစ်ဆေးကြကြောင်း သိရသည်။

အဆိုပါ ကျောင်းစာကြည့်တိုက်ဆောင်လုပ်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုက ကျောင်းစာကြည့်တိုက်ဆောက်လုပ်ရာတွင် ရေရှည်တည်တံ့ရေးနှင့်သတ်မှတ်ကာလအတွင်းစံချိန်စံညွှန်းနှင့် အရည်အသွေးပြည့်မီရေး အလုပ်သမားများအနေဖြင့် လုပ်ငန်းခွင်ပေါ်တွင် ဘေးအန္တရာယ်မဖြစ်စေရေး၊ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို စနစ်တကျဆောင်ရွက်ရေး တို့ကို တာဝန်ငန်း တာဝန်ခံများအား ပြောကြားသည်။

အဆိုပါစာကြည့်တိုက်အဆောက်အဦးသည် ၄၀’×၃၀’×၁၂’ စာကြည့်တိုက်တွင်အုတ်ညှပ်(၁)ထပ် Steel Structure တစ်ထပ်အဆောက် အဦးဖြစ်ကြောင်း စာကြည့်တိုက်၏ စုစုပေါင်း ကုန်ကျငွေတန်ဖိုးမှာ (၃၃.၃၀၀)ကျပ်သန်းဖြစ်ကြောင်း အဆောက်အဦးကို  Linn Myat Eain ကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်မည်ဖြစ်ကြောင်းအဆိုပါကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ဆရာ/မ(၂၆)ဦး ရှိပြီး ကျောင်းသာ/သူများ အနေဖြင့် (၄၀၉)ဦးရှိရာ ဆရာ/မများနှင့် ကျောင်းသား/သူများအား ပြင်ပ ဗဟုသုတတိုးပွားရရှိရေးနှင့်  စာအုပ်စာစောင်များကို ဖတ်ရှုလေ့လာခြင်းဖြင့်  ထူးချွန်ထက်မြက်သော လူငယ်လူရွယ်များဖြစ်ကာ နောင်တစ်ခေတ်တွင် ခေါင်းဆောင်များဖြစ်ကြစေလို၍ တည် ဆောက်ပေးခြင်းဖြစ်ကြောင်း ကျေးရွာကျောင်းအုပ်ဆရာမကြီးထံမှ သိရသည်။

ဦးရဲတင့်(ပြန်/ဆက်)