ချောင်းဆုံမြို့နယ်တွင် ဆောင်းသီးနှံစံပြစိုက်ကွက် စိုက်ပျိုးတောင်သူများအား ယူရီးယားဓါတ်မြေဩဇာ (၃၁၄၁) အိတ်ကို စျေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူး

ချောင်းဆုံ ဒီဇင်ဘာ

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း စိုက်ပျိုးရေးကဏ္ဍ တွင်လုပ်ကိုင်နေကြသည့် တောင်သူများ အဆင်ပြေစေရန်အတွက် ဆောင်းသီးနှံစိုက်ပျိုးသည့် တောင်သူများအား ယူရီးယားဓါတ်မြေဩဇာ (၃၁၄၁)အိတ်ကို၊ စိုက်ပျိုး​ရေးဦးစီးဌာနမှ ယနေ့ နံနက်က စတင်၍ နှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။

ချောင်းဆုံမြို့နယ်တွင် သီးနှံစိုက်ပျိုးသည့် တောင်သူများ စိုက်ပျိုးထုတ်လုပ်မှုအထွက်နှုန်း ကောင်းမွန်စေရန်အတွက် မြန်မာ့ရေနံနှင့် ဓာတုဗေဒလုပ်ငန်းမှ ထုတ်လုပ်သည့် ယူရီးယားဓါတ်မြေဩဇာ (၃၁၄၁) အိတ်ကို တစ်အိတ်လျှင် (၃၂၀၀) ကျပ်နှုန်းဖြင့် ဈေးနှုန်းချိုသာစွာ ဖြန့်ဖြူး ပေးခဲ့ကြောင်း၊ အဆိုပါဓါတ်မြေသြဇာကို (နေကြာ၊ပဲမျိုးစုံ) စမ်းသပ်စံပြစိုက်ကွက် စိုက်ပျိုးသည့် တောင်သူများအား လည်းကောင်း၊ နွေစပါးစံပြစိုက်ကွက် စိုက်ပျိုးသည့်တောင်သူများအားလည်းကောင်း၊ ဖြန့်ဖြူးပေးခဲ့ကြောင်း စိုက်ပျိုးရေးဦးဌာနမှ သိရသည်။

ချောင်းဆုံ(ပြန်/ဆက်)