မဟာအောင်မြေမြို့နယ် အမှတ်(၁၃)အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား/သူများအား အားကစားများလေ့ကျင့်ဆောင်ရွက်ပေး

မဟာအောင်မြေ  ဒီဇင်ဘာ  ၂

မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ် အမှတ်(၁၃)အခြေခံပညာ အထက်တန်းကျောင်းတွင် ယနေ့နံနက်ပိုင်းက   ကျောင်းသား/သူများကို အားကစားများ လေ့ကျင့်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လေ့ကျင့်ဆောင်မှုများကို  အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/သူများ မြန်မာအား ကစားကမ္ဘာကိုလွှမ်းရမည်ဆိုတဲ့ ဆောင်ပုဒ်နှင့်အညီ   အကစားသမားများ‌ မွေးထုတ်ပေးပြီး နိုင်ငံ ဂုဏ်ဆောင်နိုင်စေရန်၊အားကစားသမား ပေါများလာစေရန်၊ အမျိုးဂုဏ်ဇာတိဂုဏ်မြင့်မား လာစေရန်၊ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်လာစေရန်၊ စိတ်ကြည်လင်ပေါ့ပါးသွက်လက်စေရန်၊ ဉာဏ်ရည် ဉာဏ်သွေးဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် လာရောက် လေ့ကျင့်သင်ကြားပေးကြောင်း အားကစားနှင့်ကာယပညာဦးစီးဌာ ဒုတိယအားစားမှူး ဦးမျိုးဝင်းဦးက ပြောကြားသည်။

အားကစားလေ့ကျင့်ဆောင်ရွက်ခြင်းများကို တစ်ပတ်လျှင် တနင်္လာ၊ဗုဒ္ဓဟူး၊သောကြာ (၃)ရက်တာ လေ့ကျင့်သင်ကြားပေးပြီး ဘောလီဘော၊ဘောလုံး၊ပြေးခုန်ပစ်၊ပိုက်ကျော်ခြင်း(၄)မျိုး လေ့ကျင့်သင်ကြားကာဘောလီဘောကို ကျား(၆)ဦး၊မ(၆)ဦး၊ဘောလုံးကို ကျား(၁၁)ဦး၊ မ(၁၁)ဦး ၊ ပြေးခုန်ပစ်ပြိုင်ပွဲ၊ မီတာ၁၀၀,၂၀၀,၄၀၀၊၈၀၀,၁၅၀၀နှင့် သံလုံးပစ်၊သံပြားပစ်၊အလျာခုန် အားကစားနည်းများပါဝင်မည်ဖြစ်ကာ ပိုက်ကျော်ခြင်းအားကစားကို ကျား(၃)ယောက် ရွေးချယ် မည်ဖြစ်ကြောင်းနှင့်မြို့နယ်အဆင့်ကို ၇-၁၂-၂၀၂၂ရက်‌နေ့တွင်လူရွေးချယ်ပြီး ခရိုင်ရွေးချယ်ပွဲကို ၁၁-၁၂-၂၀၂၂ရက်နေ့တွင် လူရွေးချယ်ပွဲကျင်းပမည်ကြောင်း ထိုရွေးချယ်ပွဲအား အားကစားနှင့် ကာယပညာသိပ္ပံ (မန္တလေးမြို့) ချမ်းမြသာစည်မြို့နယ်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရ သည်။

အဆိုပါ အားကစားလေ့ကျင့်ဆောင်ခြင်းများကို အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယ အားစားမှူး ဦးမျိုးဝင်းဦး၊ အားကစားနည်းပြ ခန့်စည်သူကျော်၊အခြေခံပညာဦးစီးဌာနမှ အားကစားနည်းပြ‌ ဒေါ်ဇင်မျိုးကျော် အမှတ်(၁၃)အ.ထ.က ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ၊ ဆရာမများက တက်ရောက်ကာ ကျောင်းသား/သူများအား ပါဝင်လေ့ကျင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အောင်ဇော်မင်း(၀၅၆)