သံတွဲ ဒီဇင်ဘာ ၂
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre)၌ လူငယ်စကားဝိုင်းကျင်းပရေးညှိနှိုင်း အစည်းအဝေးကို ယမန် နေ့မွန်းလွဲ ၁ နာရီက အဆိုပါအဆောက်အဦအစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ၊ သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre)ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာကြီး ဆရာမကြီးများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ သံတွဲခရိုင်လူထု အခြေပြုဗဟိုဌာန(Community Centre) ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးထွန်းသန့်ကျော်က ကော်မတီအနေဖြင့် သံတွဲခရိုင်လူထု အခြေပြုဗဟိုဌာန (Community Centre) ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် လူငယ်စကားဝိုင်းကျင်းပရေး ဆိုင်ရာများကို ဆွေးနွေးပြောကြားသည်။ ဆက်လက်၍ ခရိုင်ဦးစီးမှူး လက်ထောက် ညွှန်ကြားရေးမှူးဒေါ်စန္ဒာကြည်က လူငယ်စကားဝိုင်း ကျင်းပရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေများ ကိုရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် ဒုဥက္ကဋ္ဌ ဦးဖိုးရီအောင် နှင့် ဆရာကြီး ၊ဆရာမကြီးများက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
အဆိုပါလူငယ်စကားဝိုင်းကို သံတွဲခရိုင်လူထု အခြေပြုဗဟိုဌာန(Community Centre)တွင် ဒီဇင်ဘာ၆ရက်နေ့နှင့် အထက(ငပလီ) ကျောင်း၌ ဒီဇင်ဘာ ၇ ရက်နေ့တို့တွင် ကျင်းပပြု လုပ်သွားမည်ဖြစ်ကြောင်း ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ခရိုင်(ပြန်/ဆက်)