ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း (၄၈) နှစ်မြောက် ရခိုင်ပြည်နယ်နေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်

စစ်တွေ   ဒီဇင်ဘာ ၂

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ကျရောက်မည့် (၄၈) နှစ်မြောက် ရခိုင်ပြည်နယ်နေ့အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၂၂) ကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းက ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ကျရောက်မည့် (၄၈) နှစ်မြောက် ရခိုင်ပြည်နယ်နေ့အခမ်းအနား အောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများ ဖွဲ့စည်းပေးခဲ့ပြီးဖြစ်ကြောင်း၊ လုပ်ငန်းကော်မတီ အလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းများကို ပေါင်းစပ်ညှိနှိုင်းအကောင်အထည်ဖော် ဆောင်ရွက်နေကြပြီ  ဟုလည်း သိရှိရပါကြောင်း၊ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ယခုအစည်းအဝေးတွင် ရှင်းလင်းပြ ဆွေးနွေး ပေးကြစေလိုကြောင်း၊ ဦးစီးကော်မတီများမှလည်း တင်ပြချက်အပေါ် ပေါင်းစပ်ညှိနှိုင်း အကောင်အထည်ဖော် ဆောင်ရွက်ပေးကြရန် မှာကြားလိုကြောင်း၊ ယခင်နှစ်များက လည်း ရခိုင်ပြည်နယ်နေ့ အခမ်းအနားကို အနှစ်သာရရှိရှိ ဆောင်ရွက်ခဲ့သကဲ့သို့ ယခုနှစ် ရခိုင်ပြည် နယ်နေ့ကို  စည်ကားသိုက်မြိုက်စွာ ဆောင်ရွက်နိုင်ရေးဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများမှ ပူးပေါင်းဆောင် ရွက်ပေးကြစေလို ကြောင်းနှင့် ပြည်နယ်နေ့မတိုင်မီ ကျင်းပမည့်အားကစားပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများ၊ အထိမ်းအမှတ်ပွဲများကို ပြည်သူများ ပူးပေါင်းပါဝင်မှုဖြင့် ပြုလုပ်ဆောင်ရွက်ကြရန် ပြောကြားသည်။

ထို့နောက် (၄၈) နှစ်မြောက်ရခိုင်ပြည်နယ်နေ့ ကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၂) ဆုံးဖြတ် ချက်များနှင့် လုပ်ငန်းကော်မတီအလိုက် ဆောင်ရွက်ထားရှိမှုအခြေအနေများကို သက်ဆိုင်ရာ လုပ်ငန်း ကော်မတီဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများက ရှင်းလင်းတင်ပြကြသည်။ တင်ပြဆွေးနွေးချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များက ပြန်လည်ဆွေးနွေးပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

တင်ထွန်း