၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်တွင် မန္တလာတက္ကသိုလ်၌ ဘာသာရပ် ၂ခု တိုးမြင့်သင်ကြား

ချမ်းအေးသာစံ  ဒီဇင်ဘာ    ၂

၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် မန္တလာတက္ကသိုလ် Employmental Studies ဘာသာနှင့် Employmental Science ဘာသာ ၂ခုကို တိုး   မြှင့်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

" ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်မှာ အကြီးအကဲတွေရဲ့ လမ်းညွှန်မှုတွေနဲ့ Apply ဘာသာရပ်တွေကိုထည့်သွင်းသင်ကြားမှုတွေ ရှိလာပါတယ်။ Apply Subjectတွေ အနေနဲ့ Employmental Studies ဘာသာရပ်နဲ့ Employmental Science ဘာသာရပ်ဆိုပြီး နောက်ထပ် ဘာသာရပ် ၂ခုကို ထည့်သွင်းသင်ကြားပေးလျက်ရှိပါတယ်။ Apply Subjectလို့ သုံးထားတာဖြစ်တဲ့အတွက် ဘာသာရပ်အသစ်တွေအပေါ် ကျောင်း သား၊ ကျောင်းသူများကလည်း စိတ်ဝင်စားမှု ရှိပါတယ်။ မိဘများကလည်း ဒီဘာသာရပ်တွေ အပေါ်မှာ အားပေးမှုတွေ ပြုလာတာတွေ့ရပါတယ်။ " ဟု မန္တလာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ဒေါ်ခင်စန်းစန်းဝင်းက ပြောသည်။

မန္တလာတက္ကသိုလ်တွင် ဘာသာရပ်ပေါင်း ၁၂ ဘာသာကို သင်ကြားပို့ချပေးလျက်ရှိရာ နှစ်စဥ် ကျောင်းသား၊ ကျောင်းသူ ဦးရေ ၂၀၀၀ဦးမှ ၃၀၀၀ဦးဝန်းကျင် လက်ခံသင်ကြားပေးလျက်ရှိကြောင်း၊ Employmental Studies ဘာသာနှင့် Employmental Science ဘာသာကို ဝိဇ္ဇာ သိပ္ပံ အထူးပြုအဖြစ် သင်တန်းကာလ ၄နှစ် သတ်မှတ်ထားကြောင်း၊ ဘာသာရပ်တစ်ခုလျှင် ကျောင်းသား၊ ကျောင်းသူ၅၀ဦး လက်ခံသင်ကြားပေးလျက်ရှိကြောင်း၊ ထူးခြားချက်အနေဖြင့် ခရီးသွား လုပ်ငန်းနှင့်ဧည့်ဝန်ဆောင်မှု စီမံခန့်ခွဲမှု ဘာသာရပ်ကို သင်ကြားပို့ပေးနေကြောင်း သိရသည်။

"ထူးခြားချက် တစ်ခုကတော့ ခရီးသွားပညာဌာနဆိုပြီး ဘာသာရပ် တစ်ခုရှိပါတယ်။ အဲဘာသာရပ်ကတော့ အထက်မြန်မာပြည်မှာ ဒီတက္ကသိုလ် တစ်ခုတည်းရှိပါတယ်။ ဒီ ခရီးသွားပညာ ဘာသာရပ်ကို ၂၀၁၉လောက်မှာ ခရီးသွားလုပ်ငန်းနှင့် ဧည့်ဝန်ဆောင်မှု စီမံခန့်ခွဲမှု ဘာသာရပ်ဆိုပြီး နာမည်ပြင်ဆင်လိုက်ပါတယ်။ ဒါကလည်း ၄နှစ်တက်ရမယ့် သင်တန်းဖြစ်ပါတယ်။ ကျောင်းသား၊ ကျောင်းသူတွေအတွက် လိုအပ်တဲ့ ဟိုတယ်ခရီးနဲ့ ပတ်သက်တဲ့ ဆရာ၊ ဆရာမတွေ ၊ ဧည့်ဝန်ဆောင်မှုနဲ့ ပတ်သက်ပြီး ဟိုတယ်တွေ ချိတ်ဆက်ပေးတာတွေကို ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ပူးပေါင်းပါဝင် ကူညီပေးပါတယ်။ ကျောင်းသား၊ ကျောင်းသူဝင်ရောက်မှုအနေနဲ့က တစ်နှစ်လျှင် ၂၅၀ဦး သတ်မှတ်ထားပါတယ်။ " ဟု မန္တလာတက္ကသိုလ် ပါမောက္ခချုပ်က ဆက်ပြောသည်။

မန္တလာတက္ကသိုလ်ကို ၂၀၁၂ခုနှစ် ဒီဇင်ဘာလ ၁ရက်နေ့တွင် ကောလိပ်အနေဖြင့် စတင်ပေါ် ပေါက်ခဲ့ပြီး ၂၀၁၆ခုနှစ်တွင် ကောလိပ်မှ ဒီဂရီကောလိပ်သို့ လည်းကောင်း၊ ၂၀၂၀ခုနှစ် စက်တင် ဘာလ ၁ရက်နေ့တွင် မန္တလာတက္ကသိုလ်အဖြစ် လည်းကောင်း အဆင့်တိုးမြင့်ဖွင့်လှစ်နိုင်ခဲ့ ကြောင်း၊ မန္တလာတက္ကသိုလ်အနေဖြင့် မူလသင်ကြားနေသော B.Aနှင့် B.Sc ဘာသာရပ်များ အပြင် မဟာတန်းများ ဖွင့်လှစ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိပ်ထားနိုင်