ကျောက်ဖြူ ဒီဇင်ဘာ ၂
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ ကျေးရွာများဖြစ်သည့် ဆင်ဘုတ်ချောင်းဖျားကျေးရွာ၊ ပန်းတောကြီးကျေးရွာ၊ တောင်စွယ်(ခေါ်)တောင်ကြီးရင်းကျေးရွာနှင့် အဟောင်းတောင်ကျေးရွာများသို့ အိမ်သုံး ဆိုလာ(၆၈)စုံနှင့် ဆိုလာမီးတိုင်(၆၀)တိုင် ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ကျောက်ဖြူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ကျောက်ဖြူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲလင်းမောင်က တောင်ရင်းကြီး ကျေးရွာဆရာတော် ဦးသုဘောဂမှ ကျေးရွာ၏ လိုအပ်ချက်များကို တင်ပြတောင်းခံလာသဖြင့် ငလုံးစု ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ(၃)ရွာအတွက် အိမ်သုံးဆိုလာ(၉၆)စုံအား ပထမအကြိမ်ထောက်ပံ့ပြီးဖြစ်ကြောင်း၊ ယခုအခါဆရာတော်မှ ထပ်မံတင်ပြတောင်းခံလာသဖြင့် နိုင်ငံတော်အကြီးအကဲများမှ ကျေးရွာသူ/ကျေးရွာသားများ၏ လိုအပ်ချက်ဖြစ်သော မီးအလင်းရောင်ဖြင့် ပညာရေး၊ လူမှုရေး၊ စီးပွားရေးတစ်ပိုင်တစ်နိုင်လုပ်ငန်းများဆောင်ရွက်ပြီး ဒေသဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ထပ်မံ၍ အိမ်သုံးဆိုလာ(၆၈)စုံနှင့် ဆိုလာမီးတိုင်(၆၀)တိုင်အား ဖြည့်ဆည်းဆောင်ရွက်ပေးထားပါ ကြောင်း၊ ရရှိလာသည့် အိမ်သုံးဆိုလာနှင့် ဆိုလာမီးတိုင်များမှာ အရည်အသွေးကောင်းမွန်ပြီး နည်း စနစ်များနှင့် အညီစနစ်တကျရိုသေစွာ အသုံးပြုစေလိုကြောင်း ပြောကြားသည်။ ထို့နောက်ခရိုင်ဖွံ့ ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးစံက မိမိတို့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်း သားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆိုလာများထောက်ပံ့လှူဒါန်းရသည့် အကြောင်းအရာများ၊ ဆိုလာပစ္စည်းများသုံးစွဲရာတွင် လမ်းညွှန်စာအုပ်ပါအတိုင်းစနစ်တကျ အသုံးပြု ကြရန်နှင့် မိမိတို့ရရှိလာ သည့်ပစ္စည်းများကို နည်းစနစ်မှန်မှန်ဖြင့် စနစ်တကျရိုသေစွာ အသုံးပြု ကြရန် စသဖြင့် ဆိုလာများ ထောက်ပံ့ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တာဝန်ရှိသူများမှ အိမ်သုံးဆိုလာ(၆၈)စုံနှင့် ဆိုလာမီးတိုင်(၆၀)တိုင်တို့အား ကျေး ရွာသူ၊ ကျေးရွာသားများထံသို့ ထောက်ပံ့ပေးအပ်ရာ ကျေးရွာသူ၊ကျေးရွာသားများကိုယ်စား ကျေးရွာသားတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူး ကာ ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ တာဝန်ရှိသူများက အိမ်သုံးဆိုလာနှင့် ဆိုလာမီးတိုင် အသုံးပြုပုံ ဆင့်ဆင့် ကို ကျေးရွာသူ/ကျေးရွာသားများအား ရှင်းလင်းပြသခဲ့သည်။
အဆိုပါအခမ်းအနားသို့ တောင်ရင်းကြီးကျေးရွာဆရာတော် ဦးသုဘောဂ၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဝန်ထမ်းများ၊ ကျေးရွာသူ၊ကျေးရွာသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း