ရေးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာလအတွင်း မသန်စွမ်းသူများအား ထောက်ပံ့ငွေပေးအပ်

ရေး     စက်တင်ဘာ   ၂၁

မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအသီးသီးရှိ မသန်စွမ်းသူ (၅၂၁) ဦး ထံသို့  ကိုဗစ်-၁၉ ရောဂါကာလအတွင်း ထောက်ပံ့ငွေများကို မသန်းစွမ်းသူများ၏ လက်ဝယ်သို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး စည်းကမ်းချက်နှင့်အညီ သွားရောက်ပေးအပ်ခဲ့ကြောင်းသိရသည်။

အဆိုပါထောက်ပံ့ငွေများကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာထားချထားရေး ဝန်ကြီးဌာန၏ မသန်းစွမ်းသူများအတွက် တစ်ဦးကိုငွေကျပ် (၃၀၀၀၀/-) နှုန်းဖြင့် ရေးမြို့နယ် အတွင်းရှိ မသန်းစွမ်းသူ (၅၂၁) ဦးတို့အား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)