ခရီးစဉ်ဒေသဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၏ ၁/၂၀၂၂ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မန္တလေး  ဒီဇင်ဘာ  ၂

 ခရီးစဉ်ဒေသဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၏ ၁/၂၀၂၂ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မန္တလေး၊ အောင်မြေသာစံမြို့နယ်မြို့နယ်၊ Ayeyarwady River  View HoteI တွင်  ယမန်နေ့မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်ရာ အောင်မြေသာစံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေ၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး မင်းဟိန်း၊ အဖွဲ့ဝင်(၂) ဦးတင်မောင်ဝင်း၊ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး ကျော်မိုး (ခရိုင်ရဲတပ်ဖွဲ့ မှူး)၊ မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးစန်းယု၊ ဦးစီးအရာရှိ ဒေါ်နီလာအောင်၊ မန္တလေးတိုင်းဒေသကြီး ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်စန်းဝေ၊ ဒေါ်သင်းသင်းအေးနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အောင်မြေသာစံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သန်းဇော်နှင့် ဟိုတယ်/မိုတယ်နှင့် စားသောက်ဆိုင်လုပ်ငန်းကိုယ်စား လှယ်များ၊ ပို့ဆောင်ရေးလုပ်ငန်း ကိုယ်စားလှယ် များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေက မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံခရိုင်အတွင်း ပြည်တွင်း၊ ပြည်ပခရီး သွားများ ပိုမိုဝင်ရောက်လာတော့မည်ဖြစ်၍ ဟိုတယ်များနှင့် တည်းခိုခန်းများ ကြိုတင်ပြင်ဆင်ထားရေးနှင့် လုံခြုံရေး၊ ကျန်းမာရေး၊ တည်းခိုနေထိုင်ရေး၊ ခရီးသွားလုပ်ငန်းများ ရှေးဟောင်းသမိုင်းဝင်နေရာဒေသများသို့ သွားလာနိုင်ရေး၊ လိုအပ်သည့်များကို ခရီးစဥ်ဒေသဆိုင်ရာအဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးကိုလည်းကောင်း၊ မန္တလေး တိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန  ဒုတိယညွှန်ကြားရေးမှူး ဦးစန်းယုက  ခရီးသွားလာရေးလုပ်ငန်းစဥ်များနှင့် ပတ်သက်၍ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်စန်းဝေက ခရီးသွားများ အများဆုံးသွားလာတက်သော သမိုင်းဝင်ရှေးဟောင်းနေရာများကိုလည်းကောင်း၊ အောင်မြေသာစံခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာဦးစီးမှူးရုံး ခရိုင်လဝကမှူး ဦးသန်းထွန်းအောင်က နိုင်ငံခြားသားခရီးသွားပြည်သူများနှင့် ပတ်သက်၍ ကူညီဆောင်ရွက်ပေးနိုင်သည့်လုပ်ငန်းများကိုလည်းကောင်း၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်မိုးက ဟိုတယ်၊ မိုတယ်များ လုံခြုံရေး၊ ဧည့်စာရင်းတိုင်ကြားရေး၊ ခရီးစဥ်များကို ကြိုတင်တင်ပြနိုင်ရေးကိစ္စများကိုလည်းကောင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းအေးက ဟိုတယ်၊ မိုတယ်များအနေဖြင့် ကိုဗစ်စည်းကမ်းနှင့်အညီ ဆောင်ရွက်ထားရှိရေး၊ ဟိုတယ်ဝန်ထမ်းများအနေဖြင့် ကိုဗစ်ကာကွယ်ဆေးနှင့် ထပ်ဆောင်းကာ ကွယ်ဆေးများအကြိမ်ပြည့်ထိုးနိုင်ရေးကိုလည်းကောင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သန်း ဇော်က ကမ်းနားလမ်းတစ်လျှောက် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း အသီးသီးဆွေးနွေးပြောကြားကြသည်။                 

ဆက်လက်၍ စားသောက်ဆိုင်ကိုယ်စားလှယ်များက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးကြပြီး၊ ခရိုင်အုပ်ချုပ်ရေးမှူးက လုပ်‌ငန်းဆောင်ရွက်မှု့အခြေအနေများနှင့် ပတ်သက်၍ လိုအပ်သည်များ ပြန်လည်ဖြည့်စွက်ဆွေးနွေးကြောင်း သိရသည်။

မြင့်မော်ထွန်း