ငါန်းဇွန် ဒီဇင်ဘာ ၂
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ အခြေခံပညာအထက်တန်းကျောင်းရှေ့ရှိ မြို့တွင်းမော်တော်ကားလမ်းကို ကတ္တရာရေပိတ်လွှာလောင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ယမန်နေ့နံနက် ၁၁ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးမျိုးမင်းသိန်း နှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများအား မြို့နယ်လမ်းဦးစီးဌာနမှ ဦးဆန်းဝင်း (AE) နှင့် တာဝန်ရှိသူများက ကတ္တရာရေပိတ်လွှာလောင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေအား လိုက်လံ ရှင်းလင်းပြသရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အရည်အသွေးပြည့်မီပြီး အချိန်နှင့်တစ်ပြေးညီ ပြီးစီးရေးအတွက် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကတ္တရာရေပိတ်လွှာလောင်းခြင်းလုပ်ငန်းကို မြို့နယ်လမ်းဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် တိုင်းဒေသကြီးပြင်ထိန်းရံပုံငွေကျပ် (၇၆.၆၅) သန်းဖြင့် လမ်းအရှည် ၂ ဖာလုံ၊ အကျယ် ပေ ၃၀၊ ထု ၃လက္မ အောက်ကျောက်များ ၄ လက္မထု အခြေခံလွှာခင်းပြီး (1”X2”) ကျောက် ၃ လက္မ ခင်းကြိတ်၍ ကတ္တရာရေပိတ် လွှာလောင်းခြင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးဆန်းဝင်း (AE) က ပြောကြားသည်။
သက်နောင်ဦး(ငါန်းဇွန်)