ရမည်းသင်းမြို့၊ ပညာ့ဂုဏ်ရည် ကိုယ်ပိုင်အထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပ

ရမည်းသင်း ဒီဇင်ဘာ ၂

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာ့ဂုဏ်ရည် ကိုယ်ပိုင်အထက်တန်း ကျောင်းတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီက ရမည်းသင်းမြို့ ဝါတိုးရပ်ကွက်ရှိ ပညာဂုဏ်ရည် ကိုယ်ပိုင်အထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိမ့်သိမ့်မျိုးက လူငယ်စကားဝိုင်း ကျင်းပရခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ လူငယ်စကားဝိုင်းမှ အသိပညာ၊ ဗဟုသုတများပိုမို ရရှိစေရန်၊ တစ်ဦးနှင့် တစ်ဦး အသိပညာ အတွေ့အကြုံဖလှယ်ဆွေးနွေးခြင်းဖြင့် လူငယ်အချင်းချင်း ရင်းနှီးမှုများ ရရှိစေမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ကျင်းပရာ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး ပညာ့ဂုဏ်ရည် ကိုယ်ပိုင်အထက်တန်းကျောင်း Grade-10 ကျောင်းသူ မသက်နှင်းအိမ်မှ လူငယ်နှင့် မျိုးချစ်စိတ်ကိုလည်းကောင်း၊ Grade-11 ကျောင်းသား မောင်ဌေးရှိန်မှ လူငယ်နှင့်ပညာရေးကိုလည်းကောင်း၊ Grade-11 ကျောင်းသူ မနှင်းထက်ထက်ဇော်မှ လူငယ်နှင့်ယဉ်ကျေးမှုကိုလည်းကောင်း၊ Grade-11 ကျောင်းသား မောင်ဝေယံလင်းမှ လူငယ်နှင့် အားကစားကိုလည်းကောင်း၊ Grade-11ကျောင်းသူ မနှင်းဝေခိုင်မှ လူငယ်နှင့်ဆိုရှယ်မီဒီယာ စသည့်ခေါင်းစဉ်များဖြင့် ဦးဆောင်ဆွေးနွေးကြရာ ပညာ့ဂုည်ရည် ကိုယ်ပိုင်အထက်တန်းကျောင်း၊ ကျောင်းသား၊ ကျောင်းသူများမှ ခေါင်းစဉ်အလိုက် သိရှိလိုသည်များကို မေးမြန်းရာ ဦးဆောင်ဆွေးနွေးသည့် ကျောင်းသား၊ ကျောင်သူတို့က ပြန်လည်ဆွေးနွေးခဲ့ကြပြီးခ ရိုင်ဦးစီးမှူးက ဖြည့်ဆည်းရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါလူငယ်စကားဝိုင်းဆွေးနွေးပွဲကို ပညာ့ဂုဏ်ရည်ကိုယ်ပိုင်အထက်တန်းကျောင်း ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၁၇၀) ဦးခန့် တက်ရောက်ခဲ့ကြပြီး စကားဝိုင်း ဆွေးနွေးပွဲတွင် ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက  နံရံကပ် စာစောင်၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲအား ခင်းကျင်းပြသထားရာ တက်ရောက်လာကြသည့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှု မှတ်သားခဲ့ကြောင်း သိရသည်။

ဇော်ဝင်းအောင် (ခရိုင် ပြန်/ဆက်)