ဒလ ဒီဇင်ဘာ ၂
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဟောပြောပွဲနှင့် သရုပ်ပြ အခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီ အချိန်က အောင်ဇေယျဈေး၌ ကျင်းပပြုလုပ် ခဲ့ကြသည်။
ဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးမင်းအောင်က အဖွင့်အမှာ စကားပြောကြားသည်။ ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇာနည်ထက်မှ မီးလောင်ကျွမ်းရခြင်း၏ သဘောတရားများနှင့် မီးသတ်ဆေးဗူး အသုံးပြုပုံများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာမှ ဝန်ထမ်းများက မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါက အမြန်ဆုံး မီးငြှိမ်းသတ်ခြင်း၊ မီးသတ်ဆေးဗူးအသုံးပြု ငြိမ်းသတ်ခြင်း၊ အဝတ်ရေစိုဖြင့် မီးငြိမ်းသတ်ခြင်းများကို ကနဦးရှင်းလင်းပြောကြား၍ ဈေးသူ၊ ဈေးသားများနှင့်အတူ သရုပ်ပြဇာတ်တိုက် လေ့ကျင့်ခဲ့ပြီးနောက် မီးငြိမ်းသတ်ယာဉ်များဖြင့် မီးငြိမ်းသတ်ခြင်းကို မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက သရုပ်ပြလေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးမင်းအောင်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇာနည်ထက်၊ တွံးတေးခရိုင် စျေးများနှင့်ကုန်စည်ပွဲရုံများဌာန၊ ဌာနစုမှူး ဦးမြင့်စိန်၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်အောင်နှင့် ဌာနဆိုင်ရာမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရသည်။
မြင့်ဇော် (ပြန်/ဆက်)