မိုင်းငေါ့ စက်တင်ဘာ ၂၁
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့၌ ကိုဗစ် -၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်းကို မိုင်းငေါ့မြို့အ၀င် မုခ်ဦးဂိတ်တွင် အရှိန်အဟုန်မပြက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီက ပြည်သူလူထုများလိုက်နာသင့်သည့် ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန၏ လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်နိုင်ရေးအတွက် အသိပညာပေးခြင်း လုပ်ငန်းများဆောင်ရွက်ပြီး၊ ရောဂါကူးစက် ပြန့်ပွားမှုမရှိစေရေး၊ ကြိုတင်ကာကွယ်ရေးအတွက် မြို့အ၀င်မုခ်ဦးဂိတ်တွင် မြို့တွင်းသို့ ၀င်ရောက်လာသော ခရီးသွားပြည်သူများနှင့် လမ်းသွားလမ်းလာပြည်သူများအား ကိုယ်အပူချိန် တိုင်းတာခြင်း၊ နှာခေါင်းစည်း (Mask)များတပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ ခရီးသွားပြည်သူများ၏ ခရီးသွားလာမှုရာဇ၀င်များ စနစ်တကျ ကောက်ခံစစ်ဆေးခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ကိုဗစ် -၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်း လုပ်ငန်းများကို ကျန်းမာရေး၀န်ထမ်းများ၊ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၀င်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ပရဟိတအဖွဲ့၀င်များနှင့် ပူးပေါင်း၍ အရှိန်အဟုန်မြှင့်တင်ပြီး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
မြင့်သွယ် (မိုင်းငေါ့ ပြန်/ဆက်)