ဒလ ဒီဇင်ဘာ ၂
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ဌားရမ်းပေးခြင်းကို ယနေ့ နံနက် (၁၀) နာရီအချိန်က မြို့နယ်မီးသတ်တပ်ဖွဲ့ရုံးသို့ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် စာကြည့်တိုက်သို့ လာရောက်ရန်အခက်အခဲရှိပြီး အလုပ်တာဝန် မအားလပ်သည့် စာဖတ်ပရိတ်သတ်များကို ရုံးပိတ်ရက်များတွင် စာပေဖတ်ရှု လေ့လာစေရန်ရည်ရွယ်၍ ဒလမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်အေးမြမိုးနှင့် ဝန်ထမ်းများက Mobile Library စနစ်ဖြင့် သုတ၊ ရသစာအုပ် (၅၀)အုပ်ကို အခမဲ့ သွားရောက်ငှားရမ်းပေးခြင်းကို ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်ပြီးစာဖတ်ချိန် မြှင့်တင်ရေးအတွက် Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင် ဌားရမ်းပေးခြင်းကို ဌာနဆိုင်ရာနှင့် စာသင်ကျောင်းများသို့ အလှည့်ကျသွားရောက် ငှားရမ်းပေးခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြင့်ဇော် (ပြန်/ဆက်)