ဒလမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းစစ်ဆေးပြီး အသိပညာပေးဟောပြော၍ လက်ကမ်းစာစောင်များဖြန့်ဝေ

ဒလ ဒီဇင်ဘာ ၂

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် ပြည်သူများနှင့်မော်တော်ယာဉ်မောင်းများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းသိရှိလိုက်နာစေရန် အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းလုပ်ငန်းကို ယမန်နေ့က တာကြီးရပ်ကွက်၊ ဒလတွံတေးကားလမ်း မြို့အဝင် YP ဆီဆိုင်ရှေ့တွင် ဆောင်ရွက်ခဲ့ကြသည်။

ပြည်သူများ သွားလာမှုအဆင်ပြေစေရန်၊ မော်တော်ယာဉ်မောင်းနှင်သူများနှင့် ယာဉ်ပေါ်တွင်လိုက်ပါစီးနင်းသူ ပြည်သူများ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရန်၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများသိရှိ လိုက်နာနိုင်စေရန်နှင့် ယာဉ်ကြောပိတ်ဆို့မှုလျော့ချနိုင်စေရန်၊ ယာဉ်များပေါ်တွင် လိုက်လံစီးနင်းလာသူများ လုံခြုံမှုရှိစေရန်၊ သုံးဘီးဆိုင်ကယ်များအား အသက်ကယ်ထိုင်ခုံခါးပတ်များပတ်ရန် အရည်အသွေးပြည့်မှီသည့် ဦးထုပ်များဆောင်းကြရန်နှင့် မြို့နယ်အတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေးများကို မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့၊ တပ်ဖွဲ့စုမှူးဒုတိယရဲမှူးမောင်မျိုးဦးဆောင်‌ပြီး တပ်ဖွဲ့ဝင်များက အသိပညာပေးဟောပြော၍ လက်ကမ်းစာစောင်များဖြန့်ဝေကြပြီး ယာဉ်စစ်ဆေးခြင်းတို့ကို လုံခြုံရေးအဖွဲ့ဝင်များနှင့်  အုပ်ချုပ်ရေးအထာက်အကူပြုအဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သီတာဝင်း (ပြန်ဆက်)