ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့်အညီ မောင်းနှင်ရေး အသိပညာပေး

ကော့မှူး ဒီဇင်ဘာ ၂

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်း ယာဉ်အန္တရာယ်လမ်း အန္တရာယ်ကင်းရှင်းစေရေးအတွက် မြို့နယ်အတွင်း ဖြတ်သန်းမောင်းနှင်ကြသော မော်တော်ယာဉ်များအား ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့် အညီမောင်းနှင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်နေကြောင်း သိရသည်။

ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် အမှတ်(၅၂)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ဒုရဲအုပ်ထွန်း‌နေဝင်းနှင့် တပ်ဖွဲ့ဝင်များက မြို့နယ်အတွင်း ဖြတ်သန်းသွားလာကြသော မော်တော်ယာဉ်၊ သုံးဘီးဆိုင်ကယ်များ မောင်းနှင်သူများ သိရှိလိုက်နာရမည်အချက်များ၊ ယာဉ်မောင်းလိုင်စင် သက်တမ်းကုန်ဆုံးခြင်း ရှိ/မရှိ စစ်ဆေးခြင်း သုံးဘီးဆိုင်ကယ်မောင်းနှင်သူများ အားဆိုင်ကယ်စီး ဦးထုပ်ဆောင်းကြရန်၊ ဆိုင်ကယ်စီးဦးထုပ် မဆောင်းသူများအား ဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း အသိပညာပေး ပြောကြားခဲ့ပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကျော်သူရ (ကော့မှူး)