ကျိုင်းလပ် စက်တင်ဘာ ၂၁
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ နယ်စပ်ဒေသ ကျိုင်းလပ်မြို့၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား တတိယအကြိမ် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက ကျိုင်းလပ်မြို့ပေါ်နှင့် ကျေးရွာအုပ်စု ၃ အုပ်စု၌ ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါ ထောက်ပံ့ပေးအပ်ခြင်းကို ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ကျိုင်းလပ်မြို့၌ ပုံမှန်ဝင်ငွေမရှိသော လက်လုပ်လက်စား အခြေခံအိမ်ထောင်စု တစ်စုလျှင် ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့်၊ အိမ်ထောင်စု ၅၇၁ စု အတွက်၊ စုစုပေါင်း ငွေကျပ် ၁၁၄၂၀၀၀၀ ကို သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးများက ကျေးရွာ ရပ်ကွက်များအလိုက် တတိယအကြိမ် အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)