မိုင်းယောင်းမြို့နယ်၌ တည်ဆောက်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

မိုင်းယောင်း ဒီဇင်ဘာ ၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်  တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် ဒီဇင်ဘာ ၂ ရက်က မြို့နယ်အဆင့် တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီဝင်များနှင့်အတူ အမက(ဝမ်ကြူး)၊ အမက(လောင့်ဟန်)၊ အမက(ဝမ်တုံ့)၊ အမက(မိုင်းခွန်)၊ မူလွန်(ရှေခင်)၊ အမက(နမ့်နော်-အောက်)၊ အမက(ဝမ်ပေါ့)နှင့် အမက(တာကြန့်) တိုးချဲ့စာသင်ဆောင် တည်ဆောက်ရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထိုသို့ စစ်ဆေးရာတွင် မြို့နယ်အဆင့် တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူးက တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းကိုက်ညီစေရေး၊ အချိန်မီပြီးစီးရေးနှင့် အဆောက် အအုံအရည်အသွေး ပြည့်မီစေရေးအတွက် သက်ဆိုင်ရာတည်ဆောက်ရေးလုပ်ငန်းမှ ကုမ္ပဏီတာဝန်ရှိသူများအား ဆွေးနွေးပြောကြားပြီး လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း