သီပေါ ဒီဇင်ဘာ ၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဖွင့်လှစ်သော အသက်မွေးဝမ်းကြောင်း အထောက် အကူပြု အခြေခံအပ်ချုပ်စက်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီက အဆိုပါရုံးခန်းမတွင် ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းဆောင်က ကျေးလက်နေ အမျိုးသမီးငယ်များ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိပြီး ကျေးလက်နှင့်မြို့ပြ ကွာဟမှု ကျဉ်းမြောင်းလာစေရန်၊ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတစ်ခုအဖြစ် ရပ်တည်လုပ်ကိုင်နိုင်စေရန်နှင့် အဆိုပါလုပ်ငန်းဖြင့် ပုံမှန်ဝင်ငွေများ ရရှိစေရန် ရည်ရွယ်၍ အပ်ချပ်စက်သင်တန်းကို ဖွင့်လှစ် သင်ကြားပေးခြင်းဖြစ်ကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။
ဆက်လက်၍ သင်တန်းသူများအား သင်ထောက်ကူပစ္စည်းများကို တာဝန်ရှိသူအသီးသီးက ပေးအပ်ခဲ့ကြောင်းနှင့် အဆိုပါ သင်တန်းသို့ သီပေါမြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သည့် ပန်မြိုင်း၊ နမ့်ဟုတ်၊ နားစလောင်း၊ နားမခေါ်၊ တိန်းချေ/တိန်းစ၊ နားခဲ၊ တုံစင့်စသည့် ကျေးရွာ(၆)ရွာမှ အမျိးသမီးငယ် (၂၀)ဦးတက်ရောက်ခဲ့ကြပြီး ယမန်နေ့မှ (၃၀) ရက်နေ့အထိ သင်တန်းကာလ (၁)လ ကြာ ဘာသာရပ်(၇)မျိုးကို သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ခင်လေး(သီပေါ၊ ပြန်/ဆက်)