လဲချားတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှုအခမ်းအနားကျင်းပ

လဲချား  ဒီဇင်ဘာ ၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ၂၀၂၂ခုနှစ်  အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှုအခမ်းအနားကို လွိုင်ခမ်း-အမျိုးသမီးများအဖွဲ့မှ ယနေ့နံနက် (၁၀)နာရီအချိန်က သီရိဟံသာခန်းမတွင် ကျင်းပခဲ့ပါသည်။

အဆိုပါ အခမ်းအနားတွင် လွိုင်ခမ်းအမျိုးသမီးများအဖွဲ့ ဒါရိုက်တာဒေါ်သန်းသန်းညွန့်မှ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုအများဆုံး ဖြစ်ပွားရသည့် အကြောင်းအရင်းများ၊ အမျိုးသမီးများအပေါ် ရုပ်ပိုင်း၊ စိတ်ပိုင်း၊ လိင်ပိုင်း၊ စီးပွားရေး၊ ဆက်သွယ်ရေး နည်းပညာ အသုံးပြု၍ အကြမ်းဖက်ခြင်း စသည့်အကြောင်းအရာများကို ကျောင်းသား/သူများအား အသေးစိတ် ရှင်းလင်းပြောကြားခဲ့သည်။ ယင်းအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဖြိုးမြင့်ဝေ၊ မြို့နယ် ဌာနဆိုင်ရာအကြီးအကဲများနှင့် ကျောင်းသား/သူ (၂၅၀)ဦးခန့် တက်ရောက်ခဲ့ကြပြီး သိရှိလိုသည့် အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

လဲချား (မြို့နယ်ပြန်/ဆက်)