မာန်အောင်မြို့နယ်တွင် (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲ ကျင်းပ

မာန်အောင် ဒီဇင်ဘာ  

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်တွင် ၂၀၂၂ခုနှစ်၊ဒီဇင်ဘာလ ၁၅ရက်နေ့တွင်ကျရောက်မည့် (၄၈)နှစ် မြောက် ရခိုင်ပြည်နယ်နေ့အထိမ်း အမှတ်အဖြစ်အခြေခံပညာအထက်တန်း၊အလယ်တန်း အဆင့်စာစီစာကုံး ပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကို ယနေ့ နံနက်၉နာရီက အ-ထ-က မာန်အောင်၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် မာန်အောင်မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်းကျောင်းများမှ ကျောင်းသား/သူများ ဝင်ရောက်​ဖြေဆိုယှဥ်ပြိုင်ကြရာ  အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသား/သူ(၁၈) ဦးက “ရခိုင်ပြည်နယ်သာယာဖို့ ဒို့တွေအားလုံးကြိုးပမ်းစို့ခေါင်းစဥ်ဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့်တွင် ကျောင်းသား/သူ(၁၀)ဦးက “ရခိုင်ပြည်နယ်တိုးတက်ရေးနှင့်လူငယ့်တာဝန်ခေါင်းစဥ်ဖြင့်လည်းကောင်း၊အထက်တန်းအဆင့် ပန်းချီပြိုင်ပွဲတွင် ကျောင်းသား/သူ(၁၃)ဦးက “သာစွဌာနေရခိုင်ပြည်ခေါင်းစဥ်ဖြင့်လည်းကောင်း၊အလယ်တန်းအဆင့်တွင် ကျောင်းသား/သူ(၁၂)ဦးက “ပညာရေးဖြင့် ခေတ်မီတိုးတက်နေသောရခိုင်ပြည်နယ်ကြီးကိုတည်ဆောက်စို့ခေါင်းစဥ်ဖြင့်လည်းကောင်း အသီးသီးဝင်ရောက် ယှဥ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူ ကျောင်းသား/သူများအား၂၀၂၂ခုနှစ်၊ ဒီဇင် ဘာလ(၁၅)ရက်နေ့တွင် ကျရောက်မည့် (၄၈)နှစ်မြောက်ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပရာတွင် ဆုများချီးမြှင့်ပေးသွားမည် ဖြစ် ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

သိန်းဖေ(ပြန်/ဆက်)