ရွာငံမြို့နယ် Community Centre ခန်းမတွင် စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ

ရွာငံ ဒီဇင်ဘာ ၁

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ယနေ့နံနက်ပိုင်းက စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်သည်။

အဆိုပါပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ပြည့်ဖြိုးသန့်က ကလေးများစာဖတ်နိုင်၊ မှတ်နိုင်စွမ်းရည်ကို စစ်ဆေးခြင်း၊ မိမိတို့ဖတ်မိသမျှ၊ မှတ်သားမိသမျှကို ပြန်လည်မျှဝေတတ်စေရန်နှင့် စာပေ၏တန်ဖိုးကို နားလည်လာ၍ စာဖတ်လိုစိတ်များ တိုးပွားလာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကိုပြုလုပ်ရခြင်း ဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက်ပြည်သူ့စာကြည့်တိုက်သို့ လာရောက်၍ သုတ၊ ရသစာအုပ်များကို ငှားရမ်းဖတ်ရှု့နေသည့် ကျောင်းသူလေးများက မိမိတို့ဖတ်ရှု့ထားသည့် စာအုပ်များမှ အသိပညာဗဟုသုတများရရှိသည့် အကြောင်းအရာများဖြင့် ဝင်ရောက် ယှဉ်ပြိုင်ကြရာ ဆုများကိုပြန်လည်ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးသန့်(ရွာငံ)