ရသေ့တောင်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်သူ ကျောင်းသား၊ ကျောင်းသူများနှင့်စည်ကား

ရသေ့တောင် ဒီဇင်ဘာ ၁

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က မုန့်စားဆင်းချိန်တွင် စာပေဝါသနာရှင်ကလေးများနှင့်စည်ကားလျက်ရှိကြောင်း သိရသည်။

ကျောင်းတစ်ချိန်ဆင်းချိန်တွင် စာဖတ်ပရိသတ်များ၊ စာငှားပရိသတ်များ၊ ပျော်ရွှင်စွာဆော့ကစားသည့် မူလတန်းကျောင်းသား၊ ကျောင်းသူများ နေ့စဉ်လာရောက်ကြပြီး စည်ကားလျက်ရှိပါသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်တင်ဇာဦးက နေ့စဉ်တိုးတက်ရောက်ရှိလာသည့် စာဖတ်၊ စာငှား ကျောင်းသား၊ ကျောင်းသူများအား စာကြည့်တိုက်၏စည်းကမ်းသတ်မှတ်ချက်များကို ရှင်းလင်းပြောပြပြီး၊ ဝန်ထမ်းများက စာကြည့်တိုက်လုပ်ငန်းဝန်ဆောင်မှုများအား ဝိုင်းဝန်းလုပ်ကိုင်ကြကြောင်း သိရှိရပါသည်။ ကျောင်းသား၊ ကျောင်းသူများအပါအဝင် နေ့စဉ် စာဖတ်၊ စာငှား(၄၀) ဦးခန့်ရောက်ရှိကြောင်း သိရှိရပါသည်။

ထွန်းလင်းကျော်