မဟာအောင်မြေ နိုဝင်ဘာ ၃၀
မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ မန္တလေးနေ့စဉ်ထုတ်ဝေခြင်း (၂၅)နှစ်ပြည် ငွေရတုနှစ်ပတ်လည် အခမ်းအနားကို မန္တလေးနေ့စဉ်သတင်းတိုက်၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
အခမ်းအနားကို မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဝန်ထမ်းများ၊ ပြည်သူ့ဆက်ဆံရေးနှင့်ပြန်ကြားရေးဌာနမှ ဝန်ထမ်းများ တက်ရောက်ကြပြီး မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသက်နိုင်ထွန်း၊ ပြည်သူ့ ဆက်ဆံရေးနှင့်ပြန်ကြားရေးဌာနမှူး ဦးတင်ထွန်းဦးတို့မှ အမှာစကားပြောကြားခဲ့ပြီး ဂုဏ်ပြုလွှာနှင့် ဂုဏ်ပြုဆုများကို မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသက်နိုင်ထွန်း၊ ပြည်သူ့ဆက်ဆံရေးနှင့်ပြန်ကြားရေးဌာနဌာနမှူး ဦးတင်ထွန်းဦးနှင့် တာဝန်ရှိသူများမှ ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်ပြီး မန္တလေးနေ့စဉ်သတင်းစာတိုက်မှ အယ်ဒီတာ ဦကိုကိုဦးက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်းသိရသည်။
အောင်ဇော်မင်း