ကွတ်ခိုင်မြို့တွင် ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ အသိပညာပေးဟောပြောပွဲကျင်းပ

ကွတ်ခိုင် နိုဝင်ဘာ ၃၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့နယ်‌တွင် ယနေ့နံနက်(၉)နာရီအချိန်က ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှကျင်းပသည့် အသိပညာပေးဟောပြောပွဲကို ကွတ်ခိုင်မြို့နယ် OSS ခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ကွတ်ခိုင်မြို့နယ် ဥပဒေဆိုင်ရာ အထောက်ကူပေးရေး အဖွဲ့၊ အ‌တွင်းရေးမှုး ‌ဒေါ်နန်းရွှေမှုံက သက်ငယ်မုဒိန်းမှု၊အိမ်တွင်းအကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ လူကုန်ကူးမှုများ လျော့နည်းပပျောက်စေရေး စသည့်အကြောင်းအရာများအား အသိပညာပေး ဟောပြောခဲ့သည်။ ဆက်လက်၍ မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ဘက်စုံသားဖွားဆရာမ ဒေါ်ဒေါင်နန်းက ဆေးလိပ်၊ ဆေးရွက်ကြီးထွက်ပစ္စည်းများ‌ သောက်သုံးမှုကြောင့် ဖြစ်ပွားသော‌ ရောဂါများနှင့်‌ ဆေးလိပ်ငွေ့ကြောင့် ဖြစ်ပွားသောရောဂါများအ‌ကြောင်း အရာများကို ဟောပြောခဲ့သည်။ အခန်းအနားသို့ မြို့နယ်အမျိုးသ‌မီး‌ရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်စန္ဒာထွန်းကျော်စွာနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်‌နေ အမျိုးသမီးများ တက်ရောက်ခဲ့ကြကြောင်းလည်း သိရသည်။

ချစ်မျိုးဦး (ကွတ်ခိုင်