စဉ့်ကူးမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မြို့နယ်အဆင့်လူရည်ချွန်ရွေးချယ်ရေးလူတွေ့စစ်ဆေး

စဉ့်ကူး နိုဝင်ဘာ ၃၀

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မြို့နယ်အဆင့်လူရည်ချွန်ရွေးချယ်ရေးလူတွေ့စာမေးပွဲကို ယမန်နေ့မွန်းလွဲ(၁)နာရီက စဉ့်ကူးမြို့ အခြေခံပညာအထက်တန်းကျောင်း ရွှေရတုခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါ လူရည်ချွန်ရွေးချယ်ရေး လူတွေ့စစ်ဆေးရာတွင် မြို့နယ်ပညာရေးမှူး ဒေါ်သန္တာအောင် ဦးဆောင်မှုဖြင့် စဉ့်ကူးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းကိုဦး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်ဇာလွင်၊ မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းအုပ်ဆရာ/ ဆရာမကြီးများက မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများနှင့် အလယ်တန်းကျောင်းများမှ Grade-9 ၃၅ ဦး၊ Grade-10 ၁၄ ဦး၊ Grade-11 ၁၄ ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၆၃)ဦးတို့အား လူတွေ့စစ်ဆေးမေးမြန်းခြင်းတို့ ဆောင်ရွက်ခဲ့ကြပြီး နိုဝင်ဘာ(၃၀)ရက်နေ့တွင် ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှုစစ်ဆေးခြင်းတို့အား ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

တင်ဇာလွင်