ခရမ်းမြို့နယ်အတွင်းရှိ မသန်စွမ်းများအား နိုင်ငံတော်အစိုးရမှ ထောက်ပံ့သည့် ထောက်ပံ့ငွေများပေးအပ်

ခရမ်း စက်တင်ဘာ  ၂၁

ရန်ကုန်‌တောင်ပိုင်းခရိုင် ခရမ်းမြို့နယ်အတွင်းရှိ ကိုဗစ်ကာလအတွင်း ကိုယ်အင်္ဂါမသန်စွမ်းသူများအား နိုင်ငံတော်အစိုးရမှ ထောက်ပံ့သည့် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို စက်တင်ဘာ ၁၈ ရက်နေ့ နံနက် ပိုင်းမှ စတင်ကာ အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့‌ပေးလျက်ရှိ‌ကြောင်း သိရသည်။

ကိုဗစ်ကာလအတွင်း ကိုယ်အင်္ဂါ မသန်စွမ်းသူများအား  နိုင်ငံတော်အစိုးရမှ ထောက်ပံ့ငွေများကို ထောက်ပံပေးလျက်ရှိရာ မသန်စွမ်း တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀  နှုန်းဖြင့် ထောက်ပံ့ပေးခဲ့ကြောင်း သိရ သည်။

ထိုသို့ထောက်ပံ့ရာတွင် ခရမ်းမြို့နယ်အတွင်းရှိ  မသန်စွမ်း (၄၈၀) ဦးအတွက် ထောက်ပံ့ငွေ  စုစုပေါင်း (၁၄၄'၀၀၀၀၀)ကျပ်ကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တစ်ဆင့် ရပ်ကွက်အုပ်ချုပ်‌ရေးမှူးနှင့် တာဝန်ရှိသူများက အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ ပေးလျက်ရှိ‌ကြောင်း သိရသည်။

ကိုမင်း (ခရမ်း)