တောင်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း အမှတ်(၁၁)ရပ်ကွက်ရှိ အိမ်ထောင်စုများ အဆင်ပြေစေရန် စားသုံးကုန်ပစ္စည်းများ ထောက်ပံ့လှူဒါန်း

ရန်ကုန် စက်တင်ဘာ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း အမှတ်(၁၁)ရပ်ကွက်ရှိ အမှန်တကယ်လိုအပ်လျက်ရှိသော အိမ်ထောင်စုများအား ဆန်၊ ဆီ၊ ဆား၊ ကြက်ဉ၊ ကြက်သွန်၊ ကြာဇံထုပ်၊ ခေါက်ဆွဲခြောက်ထုပ်နှင့် နှာခေါင်းစည်း(Mask)များကို ယမန်နေ့ ညနေပိုင်းက အမှတ်(၁၁)ရပ်ကွက် အုပ်ချုပ် ရေးမှူး ရုံးရှေ့၌ ထောက်ပံလှူဒါန်းခဲ့ကြသည်။
အဆိုပါ လှူဒါန်းမှုတွင် ကိုဗစ်-၁၉ရောဂါကာလအတွင်း အမှန်တကယ်လိုအပ်လျက်ရှိသော အိမ်ထောင်စုဝင် (၇၀)ခန့်အား နေထိုင်စားသောက်ရေး အဆင်ပြေစေရန်နှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကြေညာချက်များအတိုင်း လူစုလူဝေး မဖြစ်စေရန် အတွက် တာဝန်ရှိသူများအနေဖြင့် အိမ်ထောင်စုတစ်စုချင်းအလိုက် စားသုံးကုန် ပစ္စည်းများဖြစ်သော ဆန်၊ ဆီ၊ ဆား၊ ကြက်ဉ၊ ကြက်သွန်၊ ကြာဇံထုပ်၊ ခေါက်ဆွဲခြောက်ထုပ်နှင့် နှာခေါင်းစည်း (Mask) များအား ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ ခေါ်ယူ ထောက်ပံ့လှူဒါန်း ပေးခဲ့သည်။
ထို့နောက် အမှတ်(၁၁)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသက်တင်ထွန်းမှ ဦးဆောင်ပြီး ရပ်ကွက် အတွင်းရှိ အလှူရှင်များ၊ စာနာထောက်ထားပရဟိတအဖွဲ့နှင့် ရပ်မိရပ်ဖတို့ ပူးပေါင်း၍ အမှန်တကယ် လိုအပ်လျက်ရှိသော အိမ်ထောင်စုဝင် (၇၀)ခန့်အား စားသုံးကုန်ပစ္စည်းများ ထောက်ပံ့လှူဒါန်း ခဲ့ကြကြောင်း သိရသည်။
ခင်ဆွေနှင်း(ပြန်/ဆက်)