ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်  တည်ဆောက်ရေး လုပ်ငန်းနေရာများအား ဆက်လက်ကြည့်ရှုစစ်ဆေး

ဆိပ်ကြီးခနောင်တို နိုဝင်ဘာ ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ အများပြည်သူများ သွားလာမှုလမ်းပန်းဆက်သွယ်ရေး လွယ်ကူကောင်းမွန်စေရေး၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေးနှင့် ဓာတ်အားပြည့်ဝစွာရရှိစေရေး၊ အဆောက်အဦများ မြို့အင်္ဂါရပ်နှင့်အညီဖြစ်စေရေးအတွက် (၂၀၂၂-၂၀၂၃)ဘဏ္ဍာ‌ရေးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းနေရာများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ယမန်နေ့နံနက် ၁၀ နာရီက လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် ဆိပ်ကြီးခနောင်တိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမြင့်လှိုင်ဦးဆောင်၍ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် တည်ဆောက်ရေးလုပ်ငန်းကော်မတီဝင် ဌာနဆိုင်ရာတာဝန်ရှိသူများက မြို့နယ်ရပ်ကွက်များအလိုက် ဆောင်ရွက်လျက်ရှိသည့် ကတ္တရာလမ်းတိုးချဲ့ခင်းခြင်း၊ မြို့နယ်နေပြည်သူများ လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရေးနှင့် ဓာတ်အားပြည့်ဝစွာ ရရှိအသုံးပြုနိုင်ရေးတို့အတွက် လျှပ်စစ်ဓာတ်တိုင်များ အသစ်အစားထိုးလဲလှယ်ခြင်းနှင့် ဓာတ်အားခွဲရုံအသစ်ဆောက်လုပ်ခြင်းလုပ်ငန်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများ အသစ်ဆောက်လုပ်နေမှုအခြေအနေများစသည့်(၂၀၂၂-၂၀၂၃)ဘဏ္ဍာနှစ်အတွင်း မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေသည့် တည်ဆောက်ရေးလုပ်ငန်းနေရာများအား လိုက်လံကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာဌာနဆိုင်ရာ လုပ်ငန်းတာဝန်ခံများက မိမိတို့ဆောင်ရွက်လျက်ရှိသည့် တည်ဆောက်ရေးလုပ်ငန်းများအလိုက်  ရှင်းလင်းပြသခဲ့ပြီး၊ တာဝန်ရှိသူများက လုပ်ငန်းများအချိန်မီပြီးစီးရေး၊ အရည်အသွေးကောင်းမွန် စေရေးတို့အတွက် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း စစ်ဆေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဝေယံ(IPRD)