ကျောက်တန်း နိုဝင်ဘာ ၂၉
ကျောက်တန်းမြို့နယ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့်လူရည်ချွန် ရွေးချယ်ရေးစာမေးပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါမြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲကို ၂၈.၁၁.၂၀၂၂ ရက်နေ့နှင့် ၂၉.၁၁.၂၀၂၂ ရက်နေ့များတွင် မနက်(၀၉:၀၀)နာရီမှစတင်စစ်ဆေးပြီး လူတွေစစ်ဆေးခြင်းကို ၂၉.၁၁.၂၀၂၂ ရက်နေ့ မွန်းလွဲပိုင်းတွင်လည်ကောင်း၊ ကိုယ်ကာယကြံခိုင်မှုရွေးချယ်ပြုလုပ်ခြင်းကို ၃၀.၁၁.၂၀၂၂ တွင် နံနက်(၀၉:၀၀) နာရီတွင်လည်းကောင်း ကျင်းပပြုလုပ်စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ မြို့နယ်အဆင့်လူရည်ချွန်စာမေးပွဲကို မြို့နယ်အထက်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း(၃၆)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးထံမှ သတင်းရရှိသည်။
မြို့နယ်( ပြန်/ဆက်)