သံဖြူဇရပ်မြို့နယ်၌ ရုံးဌာနအဆောက်အဦများအား မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်

သံဖြူဇရပ်  နိုဝင်ဘာ ၂၉

ပွင့်လင်းရာသီရောက်ရှိနေပြီဖြစ်သည့်အတွက် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ မြို့နယ်မီးသတ်ဦးစီးဌာနမှ ရုံးဌာနများအား မီးဘေးလုံခြုံရေးစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းမှ စတင်စစ်ဆေးခြင်းများပြုလုပ်သည်။

အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် သံဖြူဇရပ်မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူးဦးဝေလင်းဦးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက မြို့နယ်အတွင်းရှိ ရုံးဌာနများအား   မီးဘေးလုံခြုံရေးအတွက် ကြိုတင်ကာကွယ်နိုင်ရန် လျှပ်စစ်ဝါယာကြိုးများသွယ်တန်းထားရှိမှုအခြေအနေ၊ မီးသတ်ဆေးဘူးရှိ/မရှိနှင့်အသုံးပြု၍ ရ/မရ၊ မီးချိပ်မီးကပ်၊ သဲပုံးရေပုံး ထားရှိမှုရှိ/မရှိ ရေသိုလှောင်ကန်ရှိ/မရှိ၊ စစ်ဆေးပြီးလိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ထားနိုင်ရေး အကြံပြုပြောကြားသည်။

သံဖြူဇရပ်မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် ရုံးဌာနများမီးဘေးလုံခြုံရေးအတွက် စစ်ဆေးခြင်းကို နိုဝင်ဘာ ၂၅ ရက်နေ့မှ ၂၉ ရက်နေ့အထိ(၅)ရက်တာ စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

အေးအေးသီ(ပြန်/ဆက်)