မိုင်းယောင်း နိုဝင်ဘာ ၂၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ဝမ်တောင်းကျေးရွာအနီးရှိ ရှေးဟောင်းသမိုင်းဝင် ထပ်လုံစေတီတော်ကို ဘုရားဖူးများ စိတ်အေး ချမ်းသာစွာ ဖူးမြော်ကြည်ညိုနိုင်ရန်အတွက် လမ်းသစ်များ ဖောက်လုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထပ်လုံဘုရားပွဲတော်နေ့များတွင် မော်တော်ယာဉ်များ၊ ဘုရားဖူးသူများဖြင့် အတက်/အဆင်း များပြားလွန်းသဖြင့် အတက်တစ်လမ်း၊ အဆင်းတစ်လမ်း သီးသန့်ဖောက်လုပ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း မြို့နယ်ဂေါပကအဖွဲ့မှ သိရသည်။
မဟီယင်္ဂနတောင်ကုန်းပေါ်ရှိ ဆံတော်ရှင် ထပ်လုံ(ဓာတ်လုံစွမ်ယောင်း)စေတီတော် ဘုရားပွဲကို နှစ်စဉ် တန်ဆောင်မုန်းလပြည့်နေ့တွင် ကျင်းပပြီး ဒေသခံတိုင်းရင်းသားပြည်သူများ၊ အနယ်နယ်အရပ်ရပ်က ဘုရားဖူးသူများဖြင့် အထူးစည်ကားကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း