မိုင်းရှူးမြို့တွင် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

မိုင်းရှူး နိုဝင်ဘာ ၂၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီက ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအ‌ဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းလီက အဖွင့်အမှာစကားပြောကြားပြီး လူမှုဝန်ထမ်းဦးစီးဌာန၊ဒုတိယဦးစီးမှူး ဦးရဲလင်းထွဋ်က ကျား/မ ရေးရာ အကြမ်းဖက်မှုဆိုင်ရာ အသိပညာပေဖြင့်လည်း‌ကောင်း  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်လေးလေးယုက အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးဆိုင်ရာ အသိပညာပေးဖြင့်လည်းကောင်း ဟောပြောခဲ့ကြသည်။

ထို့နောက် တက်ရောက်လာသည့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် မိဘပြည်သူ(၃၅)ဦးတို့က အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဆိုင်ရာ အကြောင်းအရာများကို ဆက်လက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သန်းလူ(ပြန်/ဆက်)