ကမာရွတ်မြို့နယ်တွင် (၂၀၂၂-၂၀၂၃) ပညာသင်နှစ် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ပွဲကျင်းပ

ကမာရွတ် နိုဝင်ဘာ ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ပွဲကို ယမန်နေ့ နံနက်(၉)နာရီအချိန်က အမှတ်(၆)ရပ်ကွက်ရှိ အခြေခံပညာ အထက်တန်းကျောင်း၌ မြို့နယ်အဆင့်ရေးဖြေ၊ နှုတ်ဖြေစစ်ဆေးခြင်းကို ကျင်းပခဲ့ပါသည်။

နိုင်ငံတော်အတွက် အရည်အချင်းမြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်ထွန်းလာစေ ရေးအတွက် ဘက်စုံပညာ ထူးချွန်သည့် ကျောင်းသား/ကျောင်းသူ များကို လေ့ကျင့်ပြုစု ပျိုးထောင်ပေးရေးသည် ပညာရေးဝန်ကြီးဌာန၏ အဓိကလုပ်ငန်း တစ်ရပ်ဖြစ်သည်။ နိုင်ငံတော်အနေဖြင့် ပညာထူးချွန်ပြီး အကျင့်စာရိတ္တကောင်းမွန်၍ ကျန်းမာကြံ့ခိုင်သည့် ကျောင်းသား လူငယ်များအဖြစ် လေ့ကျင့်ပျိုးထောင်ရန်ရည်ရွယ်၍ ​ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။

အဆိုပါ ရွေးချယ်​နေမှု့ကို    ခရိုင်ပညာ​ရေးမှုး၊ မြို့နယ်ပညာရေးမှူး၊ မြိုနယ်အ​ထွေ​ထွေအုပ်ချုပ်ဦးစီးဌာန ဒုတိယအုပ်ချုပ်​ရေးမှုး၊ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာမကြီးများနှင့် ဆရာ၊ ဆရာမများ​နှင့် ​ကျောင်း​ကော်မတီဝင်များမှ ကြည့်ရှုအား​ပေးခဲ့ပါသည်။

အဆိုပါ​ ရွေးချယ်ပွဲတွင် မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းနှင့် အလယ်တန်းကျောင်းများနှင့် ကိုယ်ပိုင် အထက်တန်းကျောင်းတို့မှ ကျောင်းသား/ကျောင်းသူ (၄၁) ဦးတို့က ရေးဖြေဝင်​ရောက်ယှဉ်ပြိုင် ပေးခဲ့ကြပါသည်။

အလားတူ နှုတ်​ဖြေစစ်​ဆေးခြင်းနှင့်ကိုယ်ကာယကြံ့ခိုင်ရေးနှင့် ယုံကြည်မှုစစ်ဆေးခြင်းများကိုလည်း နိုဝင်ဘာလ ၂၉ နှင့် ၃၀ ရက် နေ့တွင် ဆက်လက်​၌​ ရွေးချယ်ဆောင်ရွက်​ပေးသွားမည်ဖြစ်​ကြောင်း သိရသည်။

စိမ်းလဲ့