ချောင်းဆုံမြို့နယ်အတွင်းရှိ အသေးစားအလတ်စား စက်မှုလက်မှုလုပ်ငန်းရှင်များနှင့်တွေ့ဆုံ

ချောင်းဆုံ  နိုဝင်ဘာ ၂၉

အိမ်တွင်းလက်မှုလုပ်ငန်းမှသည် ပြည်တွင်းပြည်ပပို့ကုန်အထိ တင်ပို့ရောင်းချနိုင်ရန်အတွက် အသေးစားစက်မှုလက်မှုလုပ်ငန်းရှင်များကို လုပ်ငန်းလည်ပတ်နိုင်ရန်အတွက် ရည်ရွယ်ပြီး ယမန်နေ့နံနက်က မြို့နယ်သမဝါယမဦးစီးဌာနရုံးတွင် အသေးစားအလတ်စားစက်မှုလက်မှုလုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့ကြသည်။

တွေ့ဆုံရာတွင် ပြည်နယ်အသေးစားစက်မှုလက်မှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်နှင်းနှင်းယုနှင့် ဒေါ်တင်တင်ကြွယ် ခရိုင်သမဝါယဦးစီးဌာနတို့မှ လုပ်ငန်းရှင်များ၏ ကြုံတွေ့နေရသည့်အခက်အခဲများ၊ လက်ရှိလုပ်ကိုင်ရာတွင် လိုအပ်သည့်ရင်းနှီးမြှုပ်နှံမှုများကိုမေးမြန်းခဲ့ကြသည်။

ချောင်းဆုံမြို့နယ်တွင် အသေးစားအလတ်စားလုပ်ငန်းရှင် ၆ ဦးရှိပြီး ဦးမန်းငွေဝင်း(ဆေးတံတုတ်ကောက်လုပ်ငန်း) ရွာလွတ်ကျေးရွာ၊ ဦးရွှေဝင်း(အ ထည်ချုပ်လုပ်ငန်း) ညောင်လန်းကျေးရွာ၊ ဦးဉာဏ်အောင်(အဝတ်လှန်းစင်လုပ်ငန်း) ညောင်လန်းကျေးရွာ၊ ဦးသန်းဇော်ဦး(ကျောက်သင်ပုန်းလုပ်ငန်း) မုဒွန်းကျေးရွာ၊ ဦးအောင်မျိူးလွင် (ကျောက်သင်ပုန်းလုပ်ငန်း) မုဒွန်းကျေးရွာ၊ ဦးနိုင်ဝင်း(ဆန်စက်လုပ်ငန်း) ကမာမိုကျေးရွာ၊ ဦးသိန်းနိုင်(ဓနိဖူးခြောက်လုပ်ငန်း) ကွမ်သဲကျေးရွာတို့မှ လုပ်ငန်းရှင်များ၊ မြို့နယ်အဆင့်သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်တွေ့ဆုံပြီး လုပ်ငန်းလုပ်ကိုင်ရန်အတွက် ငွေကြေးရင်းနှီးမြှုပ်နှံနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ချောင်းဆုံ(ပြန်/ဆက်)