ငါန်းဇွန် နိုဝင်ဘာ ၂၉
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်တွင် ယမန်နေ့မှစ၍ ငါန်းဇွန်မြို့အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အဆိုပါ လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲကို နိုဝင်ဘာ ၂၈ရက်နေ့မှ ၃၀ရက်နေ့အထိ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ အထွေထွေဗဟုသုတနှင့် လူ့တွေ့နှုတ်ဖြေ ဖြေဆိုကြရမည်ဖြစ်ပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ Grade – 9 ကျောင်းသားကျောင်းသူ (၆)ဦး၊ Grade-10 ကျောင်းသား၊ကျောင်းသူ(၇)ဦးနှင့် Grade-11 ကျောင်းသားကျောင်းသူ (၆)ဦး၊ စုစုပေါင်း (၁၉)ဦး ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)