ရသေ့တောင် နိုဝင်ဘာ ၂၉
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့တွင် ရခိုင်ပြည်နယ်၊ စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၂- ၂၀၂၃ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအား ဌာနမှသတ်မှတ်ထားသည့် စံနှုန်းများနှင့်အညီ ဆောင်ရွက်စေရေး၊ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးမှုရှိစေရေးတို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်လင်းထက်နှင့် တာဝန်ရှိသူများကလာ ရောက်ကြည့်ရှုကြပြီး စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ခံဦးစီးမှူး ဒေါ်အေးသန်း၊ တာဝန်ခံအင်ဂျင်နီယာ ဒေါ်ငယ်ငယ်လှိုင်နှင့် QCအဖွဲ့ဝန်ထမ်းများ၊ သက်ဆိုင်ရာ ကုမ္ပဏီမှ တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ရာတွင် ယခုဘဏ္ဍာနှစ်တွင် ထွေ/အုပ်ဝန်ထမ်းအိမ်ရာ မြေဖို့ခြင်း (၂၀၀’×၁၀၀၀’×၅’)၊ရသေ့တောင်မြို့ OSSရုံးအုတ်ခြံစည်းရိုးကာရံခြင်း (၁၂၇’×၁၂၇’×၅၀’)၊ မေယုရာဇာကုမ္မဏီမှရသေ့တောင်မြို့ အထကမြို့မ(၂)စာသင်ကျောင်း ဆောင်သစ် ဆောက်လုပ်ခြင်းနှင့် ဗျာလစွမ်းရည်ဆောက်လုပ်ရေးကုမ္မဏီမှ ပညာသုခလမ်း ကွန်ကရစ်ခင်းခြင်း၊ နန္ဒာလမ်းကျန်ပိုင်းကွန်ကရစ်ခင်းခြင်း၊ တောင်လှမော်ရွာဆက်လမ်း ကျောက်ချောလမ်းခင်းခြင်နှင့် စိုးမင်းပြည်ဟိဏ်းကုမ္မဏီမှ မေဃဝတီလမ်းကျောက်ချောခင်းခြင်း၊ စောပြည့်ညိုလမ်းကွန်ကရစ်ခင်းခြင်း၊မြို့ပတ်လမ်းကွန်ကရစ်ခင်းခြင်းစသည့် လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်နေမှုတို့အား ကွင်းဆင်းစစ်ဆေးခဲ့သည်။
အဆိုပါ လုပ်ငန်းများ သတ်မှတ်ကာလအတွင်း ဆောင်ရွက်ပြီးစီးမှုကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး၊ သတ်မှတ်ထားသည့် စံနှုန်းများနှင့်အညီ ကိုက်ညီမှုရှိစေရေးတို့အတွက် ဖော်ပြပါ လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထွန်းလင်းကျော်(ပြန်/ဆက်)