သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

သံတွဲ နိုဝင်ဘာ ၂၉

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre) ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က အဆိုပါရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီနာယက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်-၂ ဦးလှဟန်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ဥက္ကဋ္ဌဦးထွန်းသန့်ကျော်က သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre)အပေါ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီအနေဖြင့် ဆောင်ရွက်ပေးခဲ့သည့်အခြေအနေများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်က (Community Centre) လုပ်ငန်းဆောင်ရွက်နိုင်ခဲ့သည့်အခြေအနေများနှင့် လူငယ်စကားဝိုင်းဆောင်ရွက်မည့်အခြေအနေများကို ဆွေးနွေးတင်ပြခဲ့သည်။

၎င်းနောက် တက်ရောက်လာကြသည့် သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre) ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီအဖွဲ့ဝင်များက (Community Centre) လူငယ်များ ရှေ့အနာဂါတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာ၊ ဗဟုသုတများ ရရှိရေးတွက် အသိပညာပေးလုပ်ငန်းများကို ဆက်လက်၍ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြပြီး ဒုတိယဥက္ကဋ္ဌ ဦးဖိုးရည်အောင်က ရှေ့ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ လူငယ်စကားဝိုင်းဆောင်ရွက်ရေးစီမံချက်များ စနစ်တကျရေးဆွဲဆောင်ရွက်ပြီး ပူးပေါင်းဆောင်ရွက်ပေးမည့်အခြေအနေများနှင့် (Community Centre) ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီများအနေဖြင့် ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးများကို လစဉ်ပြုလုပ်ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ယခုထက်ပို၍ဦးဆောင်နိုင်သည့် လုပ်ငန်းကော်မတီတစ်ခုဖြစ်အောင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ခရိုင် (ပြန်/ဆက်)