လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ ကုလားကြီးစုကျေးရွာတွင် အခြေခံစားသောက်ကုန်များရောင်းချ

လှိုင်သာယာ ( အနောက်ပိုင်း)    နိုဝင်ဘာ  ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ ကုလားကြီးစုကျေးရွာတွင် ဒေသခံပြည်သူများအား အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် ယနေ့နံနက်(၉)နာရီကစတင်၍ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ဒေသနေပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် အခြေခံစားသောက်ကုန်ရောင်းချနေမှုများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုများဖြင့် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှဦးဆောင်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အုပ်ချုပ်ရေးအထောက်အကူပြုရာအိမ်မှူး၊ ဆယ်အိမ်မှူးများက ဒေသခံပြည်သူများ မည်သူမဆိုလွတ်လပ်စွာဝယ်ယူနိုင်ရေးတို့အတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း သိရသည်။

ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် အခြေခံစားသောက်ကုန်များ ရောင်းချပေးရာတွင် လည်း ဆီတစ်ပိဿာလျှင် ငွေကျပ်(၄၅၀၀)နှုန်းနှင့် ကြက်ဥတစ်လုံးလျှင်ငွေကျပ်(၁၇၅)ဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

မြင့်ဇော်(ပြန်/ဆက်)