ဒဂုံမြို့နယ်တွင် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေး စာမေးပွဲကျင်းပ

ဒဂုံ  နိုဝင်ဘာ  ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲကို ယမန်နေ့နံနက် ၉ နာရီက ဒဂုံမြို့နယ်အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အတွင်းရှိ အထက်တန်းနှင့်အလယ်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားစွာဖြင့် ဝင်ရောက်ဖြေဆိုခဲ့ကြသည်။

ထိုသို့လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲအား ဝင်ရောက်ဖြေဆိုကြရာတွင် ယနေ့(ပထမနေ့)၌ ရေးဖြေစစ်ဆေးမှုကို မြို့နယ်အတွင်းရှိ အထက်တန်းနှင့်အလယ်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ(၂၂)ဦးတို့က မြန်မာစာနှင့်အင်္ဂလိပ်စာဘာသာရပ်အား ဝင်ရောက်ဖြေဆိုခဲ့ပြီး အဆိုပါကျောင်းသား၊ ကျောင်းသူများကို နိုဝင်ဘာ(၂၉)ရက်နေ့တွင် အထွေထွေဗဟုသုတနှင့် လူတွေ့စစ်ဆေးမှုအားလည်းကောင်း၊ နိုဝင်ဘာ(၃၀)ရက်နေ့တွင် ကိုယ်ကာယကြံ့ခိုင်မှုနှင့်ယုံကြည်မှုစစ်ဆေးခြင်းကိုလည်းကောင်း ကျင်းပစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲ(မြို့နယ်အဆင့်)ကို Grade-9 ကျောင်းသား၊ ကျောင်းသူ(၁၀)ဦး၊ Grade-10 ကျောင်းသား၊ ကျောင်းသူ(၆)ဦးနှင့် Grade-11 ကျောင်းသား၊ ကျောင်းသူ(၆)ဦး စုစုပေါင်း(၂၂)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သတင်းရရှိပါသည်။

ကြည်ဇေသော်