တန့်ယန်းမြို့နယ်တွင် အမျိုးသမီးများအား အကြမ်းဖက်မှုနှင့် လူကုန်ကူးမှုပပျောက်ရေး အသိပညာ ပေး

တန့်ယန်း နိုဝင်ဘာ ၂

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှကြီးမှူး၍ အမျိုးသမီးများအားအကြမ်းဖက်မှုနှင့် လူကုန်ကူးမှု ပပျောက်ရေးအတွက် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက အမှတ်(၂)ရပ် ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးနိုင်နှင့် မြို့နယ်ဥပဒေအရာရှိ ဦးအောင်ဖြိုးမြင့်တို့က အမျိုးသမီးများအား အကြမ်းဖက်မှု ကာကွယ်နိုင်ရေးနှင့် လူကုန်ကူးမှုပပျောက်စေရေးအတွက် သိရှိလိုက်နာသင့်သည့် ဆောင်ရန်ရှောင်ရန်အချက်အလက်များ၊ ဥပဒေဆိုင်ရာအချက်အလက်များကို ပရိုဂျက်တာဖြင့် အကျယ်တဝင့် အသိပညာပေး ဟောပြောခဲ့ကြရာ ခရိုင်နှင့် မြို့နယ်တို့မှ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ ဝင်များ တက်ရောက်ကြကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)