မာန်အောင် နိုဝင်ဘာ ၂၈
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ မာန်အောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP)ဖြင့် ကွန်ကရစ်ခင်းခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများမှ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
အဆိုပါ စီမံကိန်းကို ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာနှစ်တွင် မာန်အောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးမတည်ရံပုံငွေကျပ် (၁၀.၀၀)ကျပ်သန်း၊ ပြည်သူ ထည့်ဝင်ငွေ(၀.၃၆)ကျပ်သန်းတို့ဖြင့် ကုန်းခင်ကျေးရွာအုပ်စု၊ ပုန်းဆိုးကြီးကျေးရွာအဝင်လမ်း ကွန်ကရစ်လမ်းခင်းခြင်းအား ဆောင်ရွက်လျက်ရှိပြီး ယခုအခါ အဆိုပါ လုပ်ငန်းများ ဆောင်ရွက် ပြီးစီးမှုမှာ (၈၀) ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်သည်။ ယင်းသို့ လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်လွင်နှင့် စီမံကိန်းတာဝန်ခံ အင်ဂျင်နီယာ ဦးအောင်နေထူးတို့က သတ်မှတ်စံချိန်စံညွှန်း များနှင့်အညီ ပြည့်မီမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး လုပ်ငန်းလိုအပ်ချက်များနှင့် အချိန်မီ ပြီးစီးနိုင်ရေးကို သက်ဆိုင်ရာကော်မတီများနှင့် ညှိနိုင်းဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ပြီးစီးသွားပါက ၎င်းကျေးရွာနေ ပြည်သူများမှာ လမ်းပန်းဆက်သွယ်ရေး ပိုမိုလွယ်ကူလာမည်ဖြစ်သဖြင့် ကုန်စည်စည်းဆင်းမှုများ မြန်ဆန်လာကာ လူမှုစီးပွားဘဝများလည်း ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှ သိရှိရသည်။
ထွန်းဦး