မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ဖွင်လှစ်သော စာပေရေသားနည်းသင်တန်းဆင်းပွဲကျင်းပ

မန္တလေး နိုဝင်ဘာလ ၂၈

မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော စာပေရေးသားနည်းသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ညနေ ၄ နာရီက တိုင်းဒေသကြီးကြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ သင်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ မန္တလေးတိုင်းလူငယ်ရေးရာကော်မတီအတွင်း‌ရေးမှူး၊ မန္တလေးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစောနေထွန်း၊ မန္တလေးတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဝေဝေဖြိုးနှင့် လူငယ်ရေးရာကော်မတီဝင်များ၊ အောင်​မြေသာစံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သန်းဇော်၊ သင်တန်းနည်းပြများ၊ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌများနှင့် စာရေးဆရာများ၊ ဌာနဆိုင်ရာများနှင့် တက္ကသိုလ်များမှ  သင်တန်းသား/ သူများ (၅၄) ဦးတို့ တက်ရောက်ကြသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မန္တလေးတိုင်းဒေသကြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးတို့က အမှာစကားပြောကြားကြသည်။ ထို့နောက် သင်တန်းနည်းပြများအား အမှတ်တရလက်ဆောင်များ ပေးအပ်ပြီး သင်တန်းတွင် ဆောင်းပါး၊ ဝတ္ထုတို၊ ကဗျာနှင့် ကာတွန်းကဏ္ဍတို့တွင် ထူးချွန်ဆုရရှိကြသော သင်တန်းသား/ သင်တန်းသူ (၁၃) ဦးအား ဂုဏ်ပြဆုများ အသီးသီးချီးမြှင့်ပေးအပ်ကြသည်။

အခမ်းအနားအပြီးတွင် သင်တန်းနည်းပြများအား သင်တန်းသား/သင်တန်းသူများက ဂါရဝပြု ပူဇော်ကန်တော့ကြပြီး အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကူးကြသည်။ အဆိုပါသင်တန်းတွင် မန္တလေးမြို့မှ စာပေပညာရှင် (၁၅) ဦးတို့က တက္ကသိုလ်များ၊ အခြေခံပညာကျောင်းများနှင့် အစိုးရဌာနဆိုင်ရာများမှ  သင်တန်းသား/သူ ၅၄ ဦးတို့အား  နိုဝင်ဘာလ ၂၃ ရက်မှ နိုဝင်ဘာလ ၂၇ ရက်နေ့ထိ သင်တန်းကာလ (၅) ရက်ဖြင့် သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

မြင့်မော်ထွန်း