မိုင်းခုတ်မြို့၊ ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်း၌ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ

မိုင်းခုတ် နိုဝင်ဘာ ၂၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများတိုးပွားရရှိပြီး လူရည်ချွန်၊ လူရည်မွန်များဖြစ် လာစေရန်နှင့် ကျောင်းပိတ်ရက် အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးပြုနိုင်စေရန်ရည်ရွယ်၍ ယမန်နေ့ ညနေ ၃ နာရီက အဆိုပါရုံးရှိ ကလေးစာဖတ်ခန်း၌ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် အခြေခံပညာအထက်တန်းကျောင်း(မိုင်းခုတ်)မှ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၁၀)ဦး ပျော်ရွှင်စွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကို တာဝန်ရှိသူတို့က ဂုဏ်ပြုဆုလက်ဆောင်နှင့် အာဟာရဖြည့်မုန့်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။ 

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)